မန္တလေး ဇန်နဝါရီ ၃၁
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ ပူးပေါင်း၍ တက္ကသိုလ် မင်းသူ၏ ထာဝရပျော်ရွှင်ချမ်းမြေ့သော ဘဝစာအုပ်အား ဖတ်ရှုဆွေးနွေးသည့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီတွင် Community Centre ခန်းမ၌ ကျင်းပသည်။
စာဖတ်ဝိုင်းတွင် မှန်ကန်စွာ ရွေးချယ်မှု၊ ရှေ့သို့တက်လှမ်းရန် အစီအမံများ၊ ပျော်ရွှင်မှု ဖန်တီးရယူခြင်း၊ သင်စဉ်းစားသည်ကို သင်ရရှိခြင်း၊ မိမိကိုယ်ကို တိုးတက်အောင် တည်ဆောက်ခြင်း၊ ဘဝကိုပုံဖော် တည်ဆောက် ခြင်း စသည့် ခေါင်းစဉ်များဖြင့် ဖတ်ရှုဆွေးနွေးကြပါသည်။
အဆိုပါစာဖတ်ဝိုင်းသို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ Book Club အဖွဲ့ဝင်များ ပါဝင်ဆွေးနွေးကြောင်း သိရသည်။
မြင့်မြင့်သန်း