ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဟိုပုံး    ဩဂုတ်    ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၈နာရီအချိန် က စတင်၍  သီရိမင်္ဂလာ ရွှေချမ်းသာမွေတော်ဘုရားကြီးရှေ့နှင့် လမ်းဆုံများတွင် သွားလာနေကြသည့် ပြည်သူများကို နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးပြီး နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊  မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာမောင်မောင်သိန်းနှင့် ကျန်းမာရေးဝန်ထမ်းများ က ပြည်သူများ နှာခေါင်းစည်း Mask များ တပ်ဆင်ပြီးမှ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြရန်၊ မကြာခဏ လက်ဆေးကြ ရန်၊ လူစုလူဝေးရှောင်ပြီး သတ်မှတ်အကွာအဝေး အတိုင်းနေထိုင်ကြရန် စသော ကျန်းမာရေး နှင့်အားကစား ၀န်ကြီးဌာန က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပေးဆွေးနွေးပြောကြားခဲ့ပြီး နှာခေါင်းစည်း Mask (၅၅၀)ခု ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)