သိန္နီ ဩဂုတ် ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား နံပါတ်လစ်လပ်နေမှုများအား ကွက်လပ်ဖြည့်သွင်းခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းကို ဩဂုတ်လ ၂၅ ရက်နေ့ နံနက်(၉)နာရီအချိန် က အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် NRC အဖွဲ့နှင့်ပူးပေါင်း၍ သိန္နီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးမှ လဝကမှူး ဦးငြိမ်းချမ်းနှင့် ဝန်ထမ်း(၄) ဦးတို့က နမ့်စလပ်ကျေးရွာအုပ်စု နမ့်စလပ်ကျေးရွာသို့ ကွင်းဆင်း၍ မဲဆန္ဒရှင်စာရင်း တွင် အမည်ပါဝင်ပြီး အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်ထားခြင်း မရှိသေးသည့် ကျေးရွာသူ/သား (၁၇)ဦး တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခဲ့သည်။
ထို့ပြင် မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားအမှတ်မပါရှိသူများ (၂၂၁)ဦးတို့၏အမှတ်များ ဖြည့်သွင်း ဆောင်ရွက်ပေးခဲ့ကြောင်း သက်ဆိုင်ရာဌာနမှ သိရှိသည်။
ခင်ချို (ပြန်/ဆက်)