မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် English Basic Class (4 Skills)သင်တန်းဆင်းပွဲကျင်းပ

မြောင်းမြ   ဖေဖော်ဝါရီ   ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre ) ခန်းမတွင် English Basic Class (4 Skills)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲတွင် ကျင်းပခဲ့သည်။

သင်တန်းဆင်းအခမ်းအနားတွင်  မြောင်းမြခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ် စန္ဒာထွန်းက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ယနေ့ကျောင်းသားလူငယ်များ ပညာရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် လူငယ်များ  အခြေခံ အင်္ဂလိပ်စာအပြင် အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်သူများ ဖြစ်လာအောင် လေ့ကျင့်သင်ကြား ပေးစေခဲ့ကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိသင်​ယူ​ပြီးသမျှကို တိုးတက်လာအောင် စဉ်ဆက်မပြတ်လေ့ကျင့်နေရမည် ဖြစ်ကြောင်းအရည်အသွေး ပြည့်ဝနိုင်ရေးအတွက် ကြိုးစားအားထုတ်သွား ကြရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာဦးနန္ဒရဲလွင်မှလည်း သင်တန်းသား သင်တန်း သူများ ကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြဆရာမ ဒေါ်သင်းသင်းရွှေနှင့် ဆရာဦးနန္ဒရဲလွင်တို့က ​ကျောင်းသား ကျောင်းသူများ အား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ပါသည်။ 

ဆက်လက်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက သင်တန်းနည်းပြဆရာမ ဒေါ်သင်းသင်းရွှေကို  အမှတ်တရလက်ဆောင်​ပေးအပ်ပြီး သင်တန်းတွင် ပထမဆု ရရှိသူကို ဆုချီးမြှင့် ပါသည်။

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ကျောင်းသားလူငယ် ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများကို စဉ်ဆက်မပြတ် ပြုလုပ် ပေးလျက်ရှိရာ ယခုသင်တန်းကို ကိုဗစ်စည်းကမ်းနှင့်အညီ ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး သင်တန်းသား/သူ ၁၆ဦး တက်ရောက်ခဲ့ကြရာ ရက်သတ္တပတ် ၆ ပတ်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ခင်ရူပါအေး