တာလေ ဩဂုတ် ၂၇
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မြို့ရေပေးဝေရေး လုပ်ငန်းများတိုးချဲ့ ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် ဩဂုတ် ၂၅ ရက် နေ့လည်ပိုင်း က ရေဦးရေဖျားနေရာများအထိ ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။
မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို၏ ဦးဆောင်မှုဖြင့် မြို့နယ်ခွဲစည်ပင်သာယာရေးဌာနမှ ဒုတိယဦးစီးမှူး ဦးမနားရွှီးသည် တာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းများ လိုက်ပါလျက် တာလေမြို့ရှိ အများပြည်သူများ ရေကိုလုံလောက်စွာ သုံးစွဲနိုင်ရန်အတွက် မြို့ရေပေးဝေရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရန် ရေပိုက်လိုင်းသွယ်တန်းမည့် ရေဦးရေဖျား နေရာများ အထိ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)