မိုင်းခတ် ဩဂုတ် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက်၊ကျေးရွာ/ အုပ်စုများရှိ အသက်၂နှစ်မှ ၁၅နှစ်အထိကလေးများအား ဆုံဆို့နာရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယမန်နေ့နံနက်ပိုင်း က မြို့ပေါ်ရက်ကွက်(၁) ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆုံဆို့နာရောဂါသည် အထူးဒေသများမှ ပြောင်းရွေ့လာသူများနှင့် ငယ်စဉ်အရွယ်ကကာကွယ် ဆေး မထိုးလိုက်ရသည့် ကလေးများ၌ အများဆုံးဖြစ်ပွားနိုင်ကြောင်း၊ ၎င်းရောဂါပြန့်ပွားမှု မရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်၍ ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်၊ကျေးရွာ/အုပ်စုများအထိ ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန မှ သိရသည်။
အဆိုပါကာကယ်ဆေးထိုးနှံပေးရာတွင် သားဖွားဆရာမ ဒေါ်ပျဲန်းမုန့်နှင့် ကျန်းမာရေး ဝန်ထမ်းတို့က ဆုံဆို့နာရောဂါကာကွယ်ဆေးအား ကလေးငယ်စုစုပေါင်း (၂၂၀)ဦးခန့် ထိုးနှံပေး ခဲ့ပြီး ဒုတိယအကြိမ်ကာကွယ်ဆေးကို စက်တင်ဘာ ၁၀ရက်နေ့၌ ပြန်လည်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မိုးဒေ (ပြန်/ဆက်)