မိုးမိတ်မြို့ ဟင်းရွက်၊သားငါးယာယီဈေးနှင့် မြို့မဈေးတို့တွင် နှာခေါင်းစီး(mask)များ ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်

မိုးမိတ်   ဩဂုတ်  ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းများသည်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဟင်းရွက်သားငါး ယာယီဈေးနှင့် မြို့မဈေးတို့တွင်  နှာခေါင်းစီး(mask)များ ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းများကို ယနေ့နံနက် ၇ နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဖြန့်ဝေရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်း များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိခင်နှင့် ကလေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ အသင်း အဖွဲ့ဝင်များက နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

ကိုဗစ် -၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့်  ကျရောက်လာပါက ကာကွယ်၊ ထိန်းချုပ်ရေးအတွက်   ဖြစ်နိုင်လျင် မိမိတို့အိမ်မှာဘဲနေပါ ဈေးသို့လာပါကလဲ တစ်အိမ်လျှင် တစ်ယောက်ဘဲလာပါရန်နှင့် မလိုအပ်ပါက ကလေးငယ်များ မခေါ်လာပါရန်နှင့် အပြင်ထွက်လျင် နှာခေါင်းစီး(mask)များ တပ်ဆင်ပါ၊ မိမိပတ်ဝန်းကျင်ရှိ ပြည်သူများအားလဲ ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသော ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သွားကြရန် ခရိုင်အုပ်ချုပ်ရေးမှူး က ပြောကြားခဲ့ သည်။

မိုးမိတ်မြို့နယ်တွင်  နေ့စဉ်နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူများအား ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ က စာရင်းကောက်ယူလျက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ နေ့စဉ်ပေးပို့လျှက်ရှိကြောင်းနှင့် ယနေ့အချိန်ထိ မိုးမိတ်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားမှု မရှိကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)