မြန်အောင်မြို့အဝင် သပြေလှ‌‌ကျေးရွာစစ်‌ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေး သတ်မှတ်စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ စစ်ဆေး

မြန်အောင်  ဩဂုတ် ၂၇

မြန်အောင်မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယအုပ်ချုပ်‌ရေးမှူး ဦးချိုချို ဦးဆောင်၍ မြို့နယ်အတွင်း သွားလာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် စစ်ဆေးခြင်းများ ယမန်နေ့ နံနက်တွင် မြန်အောင်မြို့အဝင် သပြေလှစစ်ဆေးရေးဂိတ်တွင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြန်အောင်မြို့ အဝင်အထွက် သပြေလှကျေးရွာ စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်ကားများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ မြို့နယ်အတွင်း သွားလာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် စစ်ဆေးခြင်းများကို မြန်အောင်မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယအုပ်ချုပ်‌ရေးမှူးဦးချိုချို ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)