လပွတ္တာမြို့နယ်၌ ဧရာဝတီတိုင်းဒေသကြီး တိုင်းကော်မရှင်ဥက္ကဋ္ဌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

လပွတ္တာ သြဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် တိုင်းကော်မရှင်ဥက္ကဌနှင့် အဖွဲ့ဝင်များက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်၊ မဲစာရင်းစီစစ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးတွင် ယမန်​​နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကျင်းပခဲ့သည်။

တိုင်းဒေသကြီးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က မဲစာရင်းစစ်ဆေးနေမှု ကိစ္စရပ်များ မှတ်ပုံတင် မရှိသေးသော ဧရာဝတီတိုင်းမှ (၉)သိန်းကျော် အများဆုံးဖြစ်ပြီး (၇)သိန်းကျော်ကျန်ရှိသော အပေါက်​ဖြည့်လုပ်ငန်းပြီးစီးရေး၊ ကော်မတီစိစစ်ရေးအဖွဲ့မှ စိစစ်ရေး တို့ကို သြဂုတ်လအတွင်း အပြီးဆောင်ရွက် ရမည်ဖြစ်​ကြောင်းဒုတိယအကြိမ် မဲစာရင်းကြေငြာရက်မှာ စက်တင်ဘာလ    (၂၃)ရက် ဖြစ်ပြီး မဲစာရင်းမှန်ကန်မှု ရှိစေရေးနှင့် မကျန်ရှိစေရေးတို့ကို ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။

ဝင်းကျော်မြင့် (ပြန်/ဆက်)