မအူပင် သြဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင်(CERP) စီစဉ်မှုဖြင့် မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံငွေ ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးသီဟ ကိုကိုက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသာအေးက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကာလအတွင်း တောင်သူများအနေဖြင့် စားဝတ်နေရေး အခက်အခဲများအား ကုစားနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေမှု များကို ပြောကြား သည်။
ထို့နောက် မအူပင်မြို့နယ်အတွင်းရှိ စိုက်ဧက(၅၁၂)ဧကအတွက် မျိုးစေ့ထုတ်တောင်သူများအား ပထမအကြိမ် ထောက်ပံငွေ တစ်ဧကလျှင် ကျပ် ၈၃၅၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
အောင်ခိုင်(မအူပင်)