ပုံပါကျင်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ အရုပ်ခေါက်ပြိုင်ပွဲနှင့် ပုံပြင် ပြောပြိုင်ပွဲ ကျင်းပ

ပုံပါကျင်   ဖေဖော်ဝါရီ  ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ အရုပ်ခေါက်ပြိုင်ပွဲနှင့်ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့‌ကြောင်းသိရသည်။

ရှေးဦးစွာ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ ပင်လုံစာချုပ်ချုပ်ဆိုခဲ့သော ကိုယ်စားလှယ် (၂၃)ဦးအကြောင်းအရာများစသည့် ဗဟုသုတရဖွယ် အ‌ကြောင်းအရာများကို‌ ပြောကြားခဲ့ပြီး ကျောင်းသား/ ကျောင်းသူများအနေဖြင့် အထိမ်းအမှတ်နေ့များကို မမေ့လျော့စေရန်၊တီထွင်ကြံဆတတ်စေရန်၊ စကား‌ပြောစွမ်းရည်တိုးတတ်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်နှင့် ဗဟုသုတများ တိုးပွားလာ‌စေရန်ရည်ရွယ်၍ အရုပ်ခေါက်ပြိုင်ပွဲနှင့် ပုံပြင် ပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့သည်။

အဆိုပါ အရုပ်ခေါက်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီးဆုရရှိသည့်ကျောင်းသား/ကျောင်းသူများအား အမှတ်တရ ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်းသိရသည်။

သန္တာ(ပြန်ဆက်)