ကျိုင်းလပ် ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်၊ စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဘောလုံးဖောက်ကစားနည်းများကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုင်းလပ်မြို့ရုံးမှ ရုပ်သံ ကျွမ်းကျင်-၃ ဒေါ်မေဇင်ဦးက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအကျဉ်းကို အသိပညာပေး ဟောပြောခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူ များအနေ့ဖြင့် မိမိတို့ကြိုက်နှစ်သက်ရာ စာအုပ်စာစောင်များကို ပြည်သူ့စာကြည့်တိုက်တွင် အခမဲ့ လာရောက် ဖတ်ရှုနိုင်ကြောင်း အသိပေးရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသားလူငယ်များကို ဘောလုံးဖောက်ကစားနည်းများ ကျင်းပပေးခဲ့ပြီး ခင်းကျင်းပြသထားသည့် သုတ/ ရသစာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)