ညောင်ရွှေမြို့နယ်၊ ဝါးတော်အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေး နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်း ဆောင်ရွက်

ညောင်ရွှေ      ဖေဖော်ဝါရီ     ၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် အခြေခံပညာကျောင်းသား/ ကျောင်းသူ လေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုး ပွားလာစေရန်၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိလာစေရန်နှင့် မှတ်ဉာဏ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ် ဦးစီးမှူး ဦးနေမျိုးသူရိန်နှင့် ဝန်ထမ်းများသည် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ နယ်လှည့်စာကြည်တိုက်ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်လျက် ရှိရာ  ယမန်နေ့နံနက်(၉)နာရီခွဲက ညောင်ရွှေမြို့နယ်၊ တောင်ခြေမြင်းစာခွန့်ကျေးရွာအုပ်စု၊ ဝါးတော်အခြေခံပညာ မူလတန်းကျောင်း၌ နယ်လှည့် လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပထမဦးစွာ မြို့နယ်ဦးစီးမှူးက နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့် နယ်လှည့် စာကြည့်တိုက် ဖွင့်လှစ်ခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်း သူလေးများအတွက် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်း၊ မှတ်ဉာဏ်စွမ်းရည် အထောက်အကူပြု ဂိမ်းကစားခြင်းနှင့် (၇၅) နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 စိုင်းအယ်ဘဲ