တာမိုးညဲ ဩဂုတ် ၂၇
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် တိကျမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းနှင့် မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရန် မြေပြင်ကွင်းဆင်း စိစစ်ရေးအဖွဲ့က ယနေ့နံနက်ပိုင်းက စတင်ပြီး ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာများသို့ အိမ်တိုင်ရာ ရောက် စစ်ဆေးမှုများ ဆောင်ရွက် ခဲ့သည်။
အဆိုပါရွေးကောက်ပွဲတွင် မှန်ကန်သောမဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်ကျန်ရှိမှု မရှိစေရေးအတွက် သက်ဆိုင်ရာကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ စာရေးများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖတို့ ဝိုင်းဝန်းပူးပေါင်းပြီး မဲဆန္ဒစာရင်းပါ အချက်အလက်များ မှန်ကန်မှု ရှိ/မရှိနှင့် အသက်(၁၈)နှစ်ပြည့်သူတိုင်း မဲဆန္ဒရှင်စာရင်းတွင် ပါရှိမှု ရှိ/မရှိ စိစစ်စစ်ဆေးခြင်း၊ မဲစာရင်းတွင် နာမည်မပါဝင်သေးသူများကို အမြန်ပြန်လည် လျှောက်ထားနိုင်ရေးနှင့် မပါဝင်သင့်သည့် အမည်စာရင်းများကို အချိန်မီပယ်ဖျက်နိုင်ရေးတို့ကို အိမ်တိုင်ရာရောက် ကွင်းဆင်းစိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဌေးဌေးကြည်(ပြန်/ဆက်)