ပုသိမ် သြဂုတ် ၂၇
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ယခုအခါ မဲစာရင်းများ တိကျမှန်ကန်ရေး ဆောင်ရွက်လျှက်ရှိသည်။ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် မဲစာရင်းများကို ဇူလိုင် ၂၅ မှသြဂုတ် ၁၄ ရက်ထိ ပြည်သူများသိရှိရန် ကပ်ထားပေးခဲ့ သည်။
သြဂုတ် ၁၄ ရက်နေ့အထိ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများမှ ပုံစံ-၃ ၊ပုစံ -၄၊ ပုံစံ ၄-ဂ ဖြင့် လျှေက်ထားသူများကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုသိမ်ခရိုင်ကော်မရှင်အဖွဲခွဲရုံးသို့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများက တင်ပြ လျှောက်ထားလာသော အမည်စာရင်းထည့်သွင်းပေးခြင်း ပုံစံ-၃ ဖြင့် လျှောက်ထားလာသူ ၂၀၆၇၇ ဦး မဲစာရင်း၌ မပါဝင်သင့်သူများပါဝင်နေ၍ ပုံစံ -၄ ဖြင့် လာရောက်ကန့်ကွက်သူ ၇၀၁၁ ဦး၊ မဲစာရင်းနှင့်ပတ်သက်၍ ပြင်ဆင်လွှာ ပုံစံ ၄-ဂ ဖြင့်လျှောက်ထားသူ ၁၁၃၈၂ ဦး ရှိကြောင်းသိရသည်။
ပုသိမ်ခရိုင်အတွင်း ရပ်ကွက် ၇၁၊ ကျေးရွာအုပ်စု ၅၁၇ ၊ မဲရုံအရေအတွက် ၁၂၆၇ ရှိပြီး၊ ဇူလိုင် ၂၅ ရက်နေ့ထုတ်ပြန်ချက်အရ အခြေခံမဲဆန္ဒရှင်ဦးရေ ကျား ၅၆၅၈၁၁ ဦး၊ မ ၆၁၁၉၁၅ ဦး စုစု ပေါင်း ၁၁၇၇၇၂၆ ဦး ရှိကြောင်း ခရိုင်ကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)