လဲချား ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ခင်းကျင်း ပြသခဲ့သည်။
အခမ်းအနားတွင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်လေးလေးယုက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် စာဖတ်ခြင်း၏ အကျိုး ကျေးဇူးအကြောင်းကို ဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက ခင်းကျင်း ပြသထားသော သုတ/ရသ စာအုပ်/စာစောင်များ၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ ကို ဖတ်ရှုလေ့လာခဲ့ကြသည်။
အဆိုပါဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပရခြင်းမှာ ကျောင်းသား/ ကျောင်းသူများအနေဖြင့် နေ့ထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံများ သိရှိစေရန်၊ စာအုပ်စာပေများ လေ့လာဖတ်ရှုမှတ်သားတတ်သည့် အလေ့အထကောင်းများဖြစ်ပေါ် လာစေရန်၊ အထွေထွေဗဟုသုတများရရှိလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှထုတ်ဝေသော (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)