မအူပင်မြို့နယ်၌ ငါးမွေးတောင်သူများအား ငါးသားပေါက်ကောင်ရေ (၃၀၀၀၀၀) ထောက်ပံ့ပေးအပ်

မအူပင်  သြဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန အောင်ဟိတ် ငါးလုပ်ငန်းစခန်းမှ Covid-19 Economic Relief Plan ၏ Action Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီတွင် အောင်ဟိတ်ငါးလုပ်ငန်းစခန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးသော်ထွန်းဦးက အဖွင့်အမှာ စကား ပြောကြားပြီး မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးဇော်မင်းဦးက Covid-19 Economic Relief Plan၏ Action Plan အရငါးမွေးတောင်သူများအား ငါးသားပေါက် ထောက်ပံပေးအပ်ရခြင်းကို ရှင်းလင်းပြောကြား သည်။

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးသော်ထွန်းဦး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦး၊ ငါးလုပ်ငန်းဦးစီးဌာနဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးဇော်မင်းဦး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းနှင့် အောင်ဟိတ် ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးအောင်မြင့်မိုးတို့က ငါးသားပေါက်များ ထောက်ပံပေးအပ်ခဲ့ရာ ကျေးရွာတာဝန်ခံများက လက်ခံခဲ့သည်။

အဆိုပါ တလုတ်လပ်အရှေ့ကျေးရွာ ငါးမွေးတောင်သူ(၁၁)ဦး၏ ဧက(၁၅၀.၉၉)ဧကအတွက် ငါးမြစ်ချင်း ငါးကြင်းငါး သားပေါက်ကောင်ရေ (၃၀၀၀၀၀)အား ထောက်ပံပေးအပ်ခဲ့ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မင်းဦးထံမှ သိရသည်။

အောင်ခိုင်(မအူပင်)