ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်၌ ၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြား အခမ်းအနားကျင်းပ

နမ့်ဆန် ဖေဖော်ဝါရီလ   ၇ 

 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို ယနေ့ နံနက်(၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လွယ်ဆိုင်ခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားတွင် ၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပေးပို့သည့် စိန်ရတု ရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်မှ ဖတ်ကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းမှ ပေးပို့သည့် စိန်ရတုရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်မှ ဖတ်ကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားသို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသစီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်  မိဘပြည်သူ စုစုပေါင်း( ၅၀ )ဦးခန့် တက်​ရောက်ခဲ့ကြောင်း သိရသည်။

 

နမ့်ဆန်ဒေသ(ပြန်/ဆက်)