လပွတ္တာ ခရိုင် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု့နေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ၊အားကစားပြိုင်ပွဲများ ကျင်းပ

လပွတ္တာ  ဖေဖော်ဝါရီ ၇

 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူငယ့်အားမာန် သင်တန်းကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက် (၈) နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

အဆိုပါ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲတွင်လူငယ့် အားမာန် သင်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၁၅)ဦးမှ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ကြသည်။

ဆက်လက်၍ အလယ်တန်း အဆင့်ကျောင်းသား ၊ ကျောင်းသူများ ဥာဏ်ရည် ထက်မြက် သွက်လက် ရွှင်လန်း နိုင်ကြစေရန် ရည်ရွယ်လျက် ရုံးရှေ့တွင် အားကစားပြိုင်ပွဲ များကျင်းပ ပြုလုပ်ပြီး ထူးချွန်သူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဦ’တင်မောင်ဦးနှင့် လူငယ့်အားမာန်သင်တန်းကျောင်းဆရာ၊ဆရာမများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ကြကြောင်း သိရသည် ။

 

လပွတ္တာ ခရိုင်(ပြန်ဆက်)