လားရှိုး ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ယနေ့ နံနက်(၈)နာရီ အချိန်က (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွှန့်က လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းထံမှ ပေးပို့သော (၇၅)နှစ် မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး မြင့်နိုင်က လည်းကောင်း ဖတ်ကြားပေးခဲ့သည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး