အိမ်မဲ ဖေဖော်ဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်(၁၉) ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသောသူနှင့်ကာကွယ်ဆေးအပြည့်အဝမရသေးသောသူများအား ကာကွယ်ဆေး(Sputnik Light)ကို ယနေ့နံနက်၌ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါထိုးနှံမှုကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ မြို့နယ်အတွင်း ကိုဗစ်(၁၉) ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးနှံရသေးသောသူနှင့် ကာကွယ်ဆေးအပြည့်အဝ မရသေးသောသူများအား ကာကွယ်ဆေး(Sputnik Light)ကို ဖေဖော်ဝါရီလ (၂)ရက်နေ့ကစတင်၍ထိုးနှံပေးလျက်ရှိရာ ယနေ့ထိစုစုပေါင်း (၃၆၁၅)ဦးထိုးနှံပြီးစီးကြောင်းသိရသည်။
"ကျွန်မတို့မြို့နယ်ပြည်သူဆေးရုံအနေနဲ့ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးSputnik Light ကို လူဦးရေ(၄၀၀၀)ဦးစာ ရရှိပါတယ် ။ဖေဖော်ဝါရီလ (၂)ရက်နေ့ကနေ ယနေထိစုစုပေါင်း (၃၆၁၅) ဦး ထိုးနှံပြီးဖြစ်ပါတယ်။ကျန်တဲ့ဆေးတွေကိုလည်းဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း" မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးပြောကြားချက်အရသိရသည်။
ချစ်သက်လယ်(အိမ်မဲ)