ကြံခင်း ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ကိုဗစ်-၁၉ ရောဂါ စီးပွားရေး ကုစားမှု အစီအစဉ်(CERP)အရ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကြံခင်းမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးအေးချမ်းစိုးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးဇော်မှ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးနှင့် ပတ်သက်သည်များ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစတိုင်းသာယာမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ထောက်ပံ့မှုအရ ဆောင်ရွက်သောမိုးစပါး RS to CS မျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများအတွက် ထောက်ပံ့ငွေထုတ်ပေးခြင်းအား ရှင်းလင်းပြောကြားသည်။
ထိုနောက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်၏ ထောက်ပံ့မှုအရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးများအပ်ရာ ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၀)အုပ်စုမှ တောင်သူ(၄၄) ဦးအား မျိုးစေ့ထုတ်စိုက်ဧက(၁၃၅)ဧကအတွက် ပထမအကြိမ် ငွေကျပ်သိန်း(၁၁၅၀၂၅၀ဝိ/-) တစ်ရာတစ်ဆယ့် ငါးသိန်းနှစ်ထောင့်ငါးရာ ကျပ်အား ထောက်ပံပေးအပ်ခဲ့ကြောင်းသိရသည်။
မိုးမိုး(ပြန်/ဆက်)