မိုင်းရယ်၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဆေးရောင်ခြယ်၊ ကာယစွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲဆုချီးမြှင့်

မိုင်းရယ် ဖေဖော်ဝါရီ ၇

မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကာယစွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်၌ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းကို ယနေ့ နံနက် ၉ နာရီက မိုင်းရယ်မြို့၊ အခြေခံပညာ အထက်တန်းကျောင်၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် မိုင်းရယ်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံ ပညာမူလတန်းကျောင်းတို့မှ မူလတန်းအဆင့် ကျောင်းသား/သူ (၃၈)ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်း သား/သူများအား အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးကလည်း ကောင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ခင်မာလာတို့က ဆုများကို အသီးသီးပေးအပ်ခဲ့ သည်။    

ကျော်ဇင်ထိုက်