မြိတ် ဖေဖော်ဝါရီ ၇
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အသက်(၂၅)နှစ်အောက် လူသစ်တန်း တင်းနစ် ပြိုင်ပွဲကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ DUNLOP TENNIS CLUB တင်းနစ်ကွင်းတွင် ကျင်းပလျက်ရှိသည်။
တင်းနစ်အားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်တင်းနစ် အားကစားသမားများ ပေါ်ထွန်းလာစေ ရေးအတွက် သင်ကြားလေ့ကျင့်ပေးခဲ့သည့် လူငယ်တင်းနစ် အားကစားသမားများကို ပြည်ထောင်စုနေ့ အထိမ်း အမှတ်ပြိုင်ပွဲအဖြစ် ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသည် တစ်ဦးချင်းပြိုင်ပွဲဖြစ်ပြီး Best of Three ပြိုင်ပွဲစနစ်ဖြင့် ကျင်းပလျက်ရှိကာ ပြိုင်ပွဲဝင် အားကစားသမား(၈)ဦးမှ အုပ်စု(၂)စုဖြင့် အုပ်စုပတ်လည် ယှဉ်ပြိုင်ကြရမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲကို ဖေဖော်ဝါရီ (၅)ရက်မှ(၁၂)ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ စိန်ရတု ပြည်ထောင်စုနေ့တွင် ဗိုလ်လုပွဲကျင်းပ၍ ဆုများပေး အပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )