မန့်ဟီးရိုး ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ(၇)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် (၇) နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဦးဆောင်၍ နိုင်ငံတော်အလံနှင့် ရှမ်းပြည်နယ်အလံအား အလေးပြုခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သော (၇၅)နှစ်မြောက်စိန်ရတု ရှမ်းပြည်နယ်နေ့ သဝဏ်လွှာကို မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းမြတ်အောင်က ဖတ်ကြားခဲ့သည်။
ထို့နောက်ရှမ်းပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းထံမှပေးပို့သော (၇၅)နှစ်မြောက်စိန်ရတုရှမ်းပြည်နယ်နေ့သဝဏ်လွှာကို မြို့စီမံအုပ်ချုပ် ရေးအဖွဲ့ အတွင်းရေးမှူး နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းမြင့်မှ ဖတ်ကြားခဲ့ပါသည်။
အခမ်းအနားသို့ဌာနဆိုင်ရာများ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
နဒီ(မန့်ဟီးရိုး)