ကလိန်အောင် ဖေဖော်ဝါရီ ၇
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အကြို ထမနဲထိုးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းက ထမနဲထိုးပြိုင်ပွဲသည် အ-ထ-က၊ ကလိန်အောင်ကျောင်းတွင် (ပထမအကြိမ်) ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယခုလိုပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ စည်းလုံးညီညွတ်မှုရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် အ.ထ.က၊ ကလိန်အောင်မှ အထက်တန်းနှင့် အလယ်တန်းအဆင့် အနော်ရထာ အသင်း၊ ဘုရင့်နောင်အသင်း၊ ကျန်စစ်သားအသင်း၊ အလောင်းဘုရားအသင်းနှင့် ဗန္ဓုလအသင်း များမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် အဆိုပါပြိုင်ပွဲတွင် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပထမဆုရရှိသည့် ကျန်စစ်သားအသင်း၊ ဒုတိယဆုရရှိသည့် ဗန္ဓုလအသင်းနှင့် တတိယဆုရရှိသည့် ဘုရင့်နောင်အသင်းတို့အား ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် တာဝန်ရှိ သူတို့က ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်