တန့်ယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် Mask နှင့် အသိပညာပေး လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ

တန့်ယန်း   သြဂုတ်  ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်အရန်မီးသတ်တပ်ရင်းမှ စေတနာရှင်များ၊  ပြည်သူများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးအတွက်  Mask နှင့် အသိပညာပေး လက်ကမ်း စာစောင် အခမဲ့ဖြန့်ဝေပေးခြင်း Mask Campaign ကို ယမန်နေ့နံနက် ၉နာရီ က  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျှက်ရှိကြသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက်  Mask နှင့် အသိပညာ ပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်း Mask Campaign ကို မြို့နယ်အရန် မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဦးခင်မောင်မြင့် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ က မြို့နယ်အရန် မီးသတ်တပ်ရင်းရုံးရှေ့နှင့် ဗိုလ်ချုပ်လမ်းတစ်လျှောက်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် တေးသီးချင်းများဖွင့်လှစ်ခြင်း၊ အသိပညာပေးခြင်း၊ လက်သန့်ဆေး ရည်များဖြင့် လက်ဆေးပေးခြင်း၊ Mask (၂၀၀၀)ခုနှင့် မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားသော အသိပညာပေး လက်ကမ်း စာစောင်များကို ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။                                                                  

မင်းလွင်ဦး(ပြန်/ဆက်)