ဟိုပုံးမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး (Talk Show) ပြုလုပ်

ဟိုပုံး    ဖေဖော်ဝါရီ  ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး (Talk Show) ပြုလုပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး Community Centre ခန်းမ တွင် ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းခမ်းခြူးမှ မူးယစ်ဆေးဝါးအန္တရာယ်အသိ ပညာပေး (Talk Show) ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ဟိုပုံးမြို့မ စခန်းမှူး ဒုရဲမှူး ကျော်သန်းမှ မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးသုံးစွဲသူ၏ဆိုးကျိုးများ၊ မူးယစ် ဆေးဝါးဆိုင်ရာနည်းဥပဒေများ၊ မူးယစ်ဆေးဝါးသုံးစွဲသူတို့၏ ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်း ပြောကြားသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)