သာစည်မြို့နယ်၌ မြို့နယ်သံဃနာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြိုနယ်သံဃာ့ ဝန်ဆောင် အစည်းအဝေးကျင်းပ

 

သာစည် ဖေဖေါ်ဝါရီ   ၇

မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင် ၊ သာစည်မြိုနယ်၌ မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ  မြိုနယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က အမှတ်(၆)ရပ်ကွက်ရှိ၊ သာယာကုန်း‌ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးသို့ ကြွရောက်‌တော်မူလာကြသော သံဃာ့ဝန်ဆောင် ဆရာတော်သံဃာတော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နမောတဿ သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားက ဖွင့်လှစ်ခဲ့ပြီး၊ ရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့ သဘာပတိဆရာတော် မိတ္ထီလာမြို့ နဂါးရုံကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တနန္ဒဝံသက ဩဝါဒကထာများ မိန့်ကြားခဲ့သည်။

ဆက်လက်ပြီး မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်‌ကျော်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး မြိုနယ်သံဃာ့ဝန်‌ဆောင် အခမ်းအနားမှူးဆရာတော်မှ အနားယူမည့်ဆရာတော်များ၏

ဘွဲ့အမည်စာရင်းကို  ဖတ်ကြားလျှောက်ထားခဲ့သည်။ ထို့နောက်လစ်လပ်နေသည့်မြို့နယ်သံဃနာယက အဖွဲ့ဝင် နေရာများ၌ ပြန်လည်အစားထိုးရွေးချယ်နိုင်ရန်အတွက် အမည်စာရင်းတင်သွင်းမည့် အဆိုရှင် မြို့နယ်သဃာ့ဝန်ဆောင်ဆရာတော်ကို ပင့်ဖိတ်‌ခြင်း ၊ သက်ဆိုင်ရာနယ်မြေအလိုက် ထောက်ခံမည့် မြိုနယ်သံဃာ့ဝန်ဆောင် ဆရာတော်ကို ပင့်ဖိတ်‌ခြင်း၊ သဘာပတိဆရာ‌တော်က အစားထိုးရွေးချယ်ခံရ သည့် မြိုနယ်သံဃာ့နာယကဆရာတော် ဘွဲ့အမည်စာရင်းကို မြိုနယ်သံဃာ့ဝန်ဆောင်အစည်းအဝေးသို့  တင်သွင်းခြင်းနှင့် အဆိုပြုထောက်ခံသွားခြင်းကို သဘာပတိဆရာတော်မှ သာဓု(၃)ကြိမ်ခေါ်ဆိုစေပြီး  အတည်ပြုချက် ရယူခဲ့ကြသည်။

ထိုနောက်  သဘာပတိဆရာတော်မှ  နိဂုံးချုပ်ဩဝါဒကထာမြွက်ကြားခဲ့ပြီး အခမ်းအနား‌ကို “ဗုဒ္ဓသာသနံ စိရံ တိဌတု”(၃)ကြိမ်ရွတ်ဆို၍ မြိုနယ်သံဃာ့နာယကအဖွဲဝင်များ အစားထိုးရွေးချယ်ခြင်း အစည်းအဝး‌ကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်