ကျောင်းကုန်းမြို့၌ (Mask)နှာခေါင်းစည်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လက်ကမ်း စာစောင်များ ဖြန့်ဝေပေး

ကျောင်းကုန်း  ဩဂုတ် ၂၇

ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ဆေးရုံလမ်းနှင့် မင်းလမ်းထောင့်၌ နှာခေါင်းစည်း (mask) များနှင့် ယာဉ်စည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီ အချိန်တွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ပြည်သူများအနေဖြင့် မဖြစ်မနေအိမ်ပြင်သို့ ထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ကြစေရန် အသိပညာပေးသည့်အနေဖြင့် နှာခေါင်းစည်းမပါသူများအား ချက်ခြင်းတပ်စနစ်ဖြင့် ဝေငှ ပေးခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ် ဥပဒေသစ်အရ နေ့အချိန် ဆိုင်ကယ်ရှေ့မီး အနိမ့်ဖွင့်မောင်းကြရန်၊ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းရန်တို့ မှာကြားကာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်မှုကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေး အထောက်အကူပြုကော်မတီဝင်များက ပြည်သူများအား နှာခေါင်းစည်း(mask)နှင့် ယာဉ်စည်းကမ်းလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)