မိုင်းရှူး သြဂုတ် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် စည်ပင်သာယာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများထိရောက်မှုရှိစေရေးအတွက် မိုင်းရှူးမြို့အတွင်းရှိ ပုဂ္ဂလိကဈေးနှင့် စည်ပင်သာယာဈေးများ တွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာမှု ရှိ/မရှိ လိုက်လံကြပ် မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကို ပိုမိုသတိပြုကာကွယ်ထိန်းချုပ်နိုင်ရေးရည်ရွယ်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော အမိန့်နှင့်လမ်းညွှန်ချက်များကို လှည့်လည် ကြေညာပေးခြင်း၊ ဈေးအတွင်း ဈေးရောင်း/ ဈေးဝယ်သူများအနေဖြင့် လက်ဆေးခြင်း၊ နှာခေါင်းစည်းများတပ်ဆင်ပြီး ဈေးအတွင်းဝင်ရောက် ဈေးရောင်းချ/ဝယ် ယူကြရန်၊ နာမကျန်းဖြစ်နေသူများ ဈေးအတွင်းဝင်ရောက် ရောင်းချ/ဝယ်ယူခွင့်မပြုကြရန်၊ အိမ်အပြင်နှင့်လူထူထပ်သည့် နေရာများသို့ သွားရောက်ရာတွင် နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်ပြီးမှသာ သွားလာရန်နှင့် လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင်မကြာခဏ စနစ်တကျဆေးကြရန် စသည့်ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)