ညောင်တုန်း ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ပြည်သူများနေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၈ နာရီတွင် ဗိုလ်ချုပ်လမ်း၊ လမ်းမတော်လမ်း၊ အာဇာနည်လမ်းတို့နှင့် ရပ်ကွက်(၁၀)ခုတို့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဌေးနှင့် ပြည်သူများ (Mask)တပ်ဆင်ရေး အသိပညာပေးကော်မတီ အဖွဲ့တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြစေရန် အသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask) မတပ်ဆင်သူများအား နှာခေါင်းစည်းများဝေငှပေးခြင်းနှင့် တပ်ဆင်ပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝဠာနိုင်(ညောင်တုန်း)