ဇလွန်မြို့မ​ဈေးသစ်၌ ​​ဈေး​ရောင်းဝယ်သူများ Mask တပ်ဆင်မှု ရှိ ၊ မရှိ နေ့စဉ်စစ်ဆေးခြင်းများ ဆောင်ရွက်

ဇလွန်  သြဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်​ မြို့မစျေးသစ်တွင် ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေး​ရောင်း/ဝယ်ကြ သူများတွင် Mask တပ်ဆင်မှုရှိ၊ မရှိကို မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ တာဝန်ရှိသူများမှ နေ့စဉ်စစ်​ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

လိုက်လံစစ်​ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ရေးအတွက် ဇလွန်မြို့နယ် စည်ပင်သာယာ​ရေးအဖွဲ့ တာဝန်ရှိသူများမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိ​စေရေး အတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ်ကြသူများ ဈေးသို့လာသည့် အခါတိုင်း Mask တပ်ဆင်မှုရှိစေရေးတို့ကို နေ့စဉ်အရှိန်အဟုန်မြှင့် လှည့်လည်စစ်​ဆေးလျက်ရှိကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)