မိုးမိတ်မြို့တွင် အာဖရိကဝက်အပြင်းဖျားရောဂါမှ ကာကွယ်နိုင်ရေးအတွက် နာမကျန်းဝက်များမှ အသားများရောင်းချခြင်း မရှိစေရေး အသိပညာပေး

မိုးမိတ်   ဩဂုတ်   ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့ ဟင်းသီးဟင်းရွက်နှင့် သားငါးယာယီဈေးတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမြင့်ဇော်နှင့် ဝန်ထမ်းများက အာဖရိက ဝက်အပြင်းဖျားရောဂါမှ ကြိုတင်ကာကွယ်နိုင်ရေး နာမကျန်းဝက်များမှ အသားများရောင်းချခြင်း  မရှိစေရေးအတွက် အသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါမှ ကာကွယ်နိုင်ပြီး ပြည်သူများ ဘေးအန္တရာယ် မဖြစ်စေရေးအတွက်ရည်ရွယ်၍ အာဖရိကဝက်အပြင်းဖျားရောဂါမှ ကာကွယ်ရန်လိုက်နာ ဆောင်ရွက်ရမည့် အသိပညာပေး ဗီနိုင်းများကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် နာမကျန်းဝက်များအား အသားအဖြစ်ဝယ်ယူရောင်းချခြင်း မရှိစေရေးအတွက် ဟင်းသီးဟင်းရွက်နှင့် သားငါးယာယီဈေးရှိ ဝက်သားဆိုင်တန်းအား ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)