ဒေးဒရဲ ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ပျဉ်ထောင်စုကျေးရွာအုပ်စုရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)သို့ ကွင်းဆင်းသွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဒေးဒရဲမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးကျော်နိုင်ဦး ခေါင်းဆောင်သောအဖွဲ့က ပျဉ်ထောင်စု ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ရန် လာရောက် လျှောက်ထားသူ (၄၉)ဦးနှင့် အသက်ပြည့် လာရောက်လဲလှယ်သူ(၁၆)ဦးတိုးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ စိစစ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)