မိုင်းယန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ မြို့အဝင်/အထွက် ဂိတ်များတွင် ဆက်လက်ဆောင်ရွက်

မိုင်းယန်း   ဩဂုတ်    ၂၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့အဝင်/အထွက် စုပေါင်းဂိတ်၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို မိုင်းယန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်အတွင်း သွားလာနေသူများ မြို့နယ်ပြင်ပသို့ ခရီးသွားပြည်သူများ၏ ခရီးသွားလာမှုမှတ်တမ်းများ ကောက်ယူခြင်း၊ (mask)များ တပ်ဆင်ပေးခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်း၊ စသည့်လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ် အထွထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ဩဂုတ်လ ၂၄ ရက်မှ စတင် ဆောင်ရွက်ခဲ့ပြီး နေ့စဉ်ပုံမှန်စစ်ဆေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍  ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းထူး(ပြန်/ဆက်)