လွိုင်လင် ဩဂုတ် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းသည် မြို့တွင်း ၁၁/၀.၄ ကေဗွီ နှစ်ထပ်ဓာတ်အားလိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက် နေကြောင်း သိရသည်။
အဆိုပါ မြို့တွင်း ၁၁/၀.၄ ကေဗွီနှစ်ထပ်ဓာတ်အားလိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ရှမ်းပြည်နယ်အစိုးရ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြရန်ပုံငွေဖြင့် ဆောင်ရွက်နေကြောင်း၊ ယင်းသို့ဆောင်ရွက်ရခြင်းအားဖြင့် မီးသုံးစွဲသူ ပြည်သူများ ဓာတ်အားအပြည့်အဝရရှိစေရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဓာတ်အားများ နံနက်(၉:၃၀)မှ ညနေ(၁၅:၃၀) အချိန်အထိ ဖြတ်တောက်ထားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်မိုးအောင် က ပြောကြားသည်။
လွိုင်လင်မြို့ပေါ်တွင် မီတာအသုံးပြုသူ (၃၈၃၅) လုံးရှိကြောင်း၊ ကျေးရွာ(၁၀)ရွာတွင် လျှပ်စစ်မီးရရှိနေပြီဖြစ်ကြောင်းနှင့် ယခင်က ဒီဇယ်စက်ဖြင့် ဓာတ်အားဖြန့်ဝေပေးရာမှ ၁၉၉၅ ခုနှစ် မတ်လ ၁၉ ရက် နေ့မှစ၍ (၂၄)နာရီ ဓာတ်အား စနစ်အတွင်းမှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မိုးလွင်ဦး(လွိုင်လင်)