ကျိုင်းလပ်မြို့၌ ကလေးငယ်များအား ဆုံဆို့နာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်

ကျိုင်းလပ်      ဩဂုတ်    ၂၇

ရှမ်းပြည်နယ် (အ‌ရှေပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ နမ့်ငေါ့ကျေးလက်ကျန်းမာရေးဦးစီးဌာန ခွဲမှ အသက် ၁နှစ်မှ ၁၅ နှစ်‌အောက်အရွယ် ကလေးများအား ဆုံဆို့နာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်၉ နာရီအချိန် က အမှတ်(၃)ရပ်ကွက် ၀မ်ကျင်းဘုန်း‌ကြီးကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့ အမှတ်(၃)ရပ်ကွက်အတွင်းရှိ အသက် ၁နှစ်မှ ၃နှစ်အထိ ကလေးများအား (penta) ဆုံဆို့နာကာကွယ်ဆေး၊ အသက် ၃ နှစ်မှ ၇ နှစ်အထိ ကလေးများအား DT/penta နှင့် အသက် ၇နှစ်မှ ၁၅နှစ်ထိ Td ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ဆုံဆို့နာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို သားဖွားဆရာမ ဒေါ်နန်းအိမ်နှင့် ဝန်ထမ်းများက ဆုံဆို့နာရောဂါအကြောင်း ရှောင်ရန်/ ဆောင်ရန် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ mask များ စနစ်တကျတပ်ဆင်ရေး အသိပညာပေး ဆွေးနွေးခြင်းနှင့် ကလေးငယ် (၂၅၀)ဦးအား ဆုံဆို့နာ ရောဂါ ကာကွယ်ဆေးများထိုးနှံခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ကျန်ရှိနေသည့် ကလေးငယ်များအား ဆုံဆို့နာရောဂါ ကာကွယ်ဆေး များကို ဆက်လက်ထိုးနှံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နမ့်ငေါ့ ကျေးလက်ကျန်းမာရေးဦးစီးဌာနခွဲမှ သိရသည်။

ဖြူဖြူဝင်း (ပြန်/ဆက်)