ချောင်းသာမြို့၌ မီးကာဝတ်စုံနှင့် ရှာဖွေကယ်ဆယ်ရေးဝတ်စုံများပေးအပ်

ချောင်းသာ  ဩဂုတ် ၂၇

ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ မီးကာဝတ်စုံနှင့် ရှာဖွေကယ်ဆယ်ရေး ဝတ်စုံများပေးအပ်ခြင်းကို မြို့နယ်စုပေါင်းရုံးခန်းမဆောင်၌ ယနေ့ နံနက် ၁၁ နာရီတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ မီးကာဝတ်စုံနှင့် ရှာဖွေကယ်ဆယ်ရေးဝတ်စုံများကို တိုင်းဒေသကြီးဘတ်ဂျက်ရံပုံငွေမှ ချောင်းသာမြို့ အရံမီးသတ်တပ်ဖွဲ့ဝင်များအတွက် မီးကာဝတ်စုံ(၁၀) စုံ၊ ရှာဖွေကယ်ဆယ်ရေး ဝတ်စုံ(၁၀)စုံစီကို ပေးအပ်ခြင်းဖြစ်သည်။

ချောင်းသာမြို့တွင် အရံမီးသတ်တပ်ဖွဲ့ဝင်(၃၂)ဦးရှိပြီး ချောင်းသာမြို့ ရပ်ကွက်(၁၊ ၂၊ ၃)နှင့် ကံကြီးကျေးရွာအုပ်စုအတွက် ဝတ်စုံများခွဲဝေပေးအပ်ရာ ချောင်းသာမြို့ အုပ်ချုပ်ရေးမှူးနှင့် ချောင်းသာမြို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ လက်ထောက်ဦးစီးမှူး ဦးဝေယံစိုးတို့က ချောင်းသာအရံမီးသတ်တပ်ဖွဲ့ဝင်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကိုမောင်(ပြန်/ဆက်)