ပင်လောင်း ဩဂုတ် ၂၇
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ရန်ပုံငွေ အတိုးရငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် လုံးပိုးကျေးရွာ စာသင်ကျောင်းအဝင်ပေါက် သံပန်းသံတံခါး (၄)ပေါက်တပ်ဆင်ခြင်းနှင့် (၃၀၀ပေ-၁၂ပေ) ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။
အဆိုပါလုပ်ငန်းကို ကျေးရွာပြည်သူလူထုကိုယ်တိုင် တာဝန်ယူဆောင်ရွက်ပြီး ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ထိ ရရှိခဲ့သည့် မြစိမ်းရောင်ရန်ပုံငွေ အတိုးရငွေကျပ် (၂၆.၅၂၇၅၅)သန်းထဲမှ (၁၉)ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်(၅.၀၀)သန်းနှင့် ပြည်သူလူထုများ ထည့်ဝင်ငွေ ကျပ်(၀.၄၆၂)သန်း စုစုပေါင်းငွေကျပ် (၅.၄၆၂)သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာလ ကျော်လွန်ပြီးပါက ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်မည့်ရက်အမီ အချိန်မီပြီးစီးမှုရှိအောင် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)