ပြည်ကြီးမဏ္ဍိုင် ဖေဖော်ဝါရီ ၁၂
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ညနေ (၁၄) နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက အခြေခံပညာကျောင်းများ လူစည်ကားရာနေရာတို့တွင် အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ပင်လုံမြို့စော်ဘွားများ ထမင်းစားပွဲတွင် ပြောကြားခဲ့သည့် မိန်းခွန်းကောက်နုတ်ချက်၊၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီ ၁၂ ရက်နေ့နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော် အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက် ၊ (၇၅)နှစ် မြောက်စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ အစဉ်အလေးထားရမည့်ပြည်ထောင်စုနေ့ ပြည်ထောင်စုသား ဒို့လက်များသည် ၊ ပင်လုံစာချုပ်ရေးထိုးခဲ့ကြသူများ စသည်တို့ပါဝင်သည့်လက်ကမ်းစာ စောင်များကိုအခဲ့မဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)