မအူပင် သြဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့မစျေးအတွင်း ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်း အမှတ်အသားနှင့်ပတ်သက်ပြီး လိုက်နာမှု ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့မဈေးတွင်းနှင့် ဈေးပြင်ပရှိ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ၊ ကုန်စုံဆိုင်များ၌ ရောင်းချသော ကုန်ပစ္စည်းများတွင် မြန်မာလိုရေးသားဖော်ပြထားခြင်း ရှိ/ မရှိ၊ စျေးကွက်အတွင်း ဝင်ရောက်လာသော ကုန်ပစ္စည်းများအား စစ်တမ်းနမူနာ ကောက်ယူခြင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်း အမှတ်အသားနှင့် ပတ်သက်၍ တားမြစ်ထားသည့် ကုန်ပစ္စည်းအမှတ်တံဆိပ်များ မရောင်းချရန်နှင့် စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံထံမှ သိရသည်။
အောင်ခိုင်(မအူပင်)