တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိ

တန့်ယန်း ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဆရာ တော်သံဃာတော်များ၊ သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး ဒေသခံပြည်သူအားလုံးကို ထိုးနှံပေးနေလျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန် ကျန်ရှိနေသည့် အသက် ၁၈ နှစ်နှင့်အထက် ဦးတည်ကာကွယ်ဆေးထိုး အုပ်စုများနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန် ရက်ပြည့်မြောက်သူများအား ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီမှ စတင်၍ မြို့နယ်ခန်းမနှင့် အမှတ်(၁)ရပ်ကွက်ရှိ လှဧကရီခန်းမတို့တွင် ဆက်လက် ထိုးနှံပေးနေသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ကြရာ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား (၅၂.၀၆)ရာခိုင်နှုန်း ထိုးနှံထားပြီးဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။           

မင်းလွင်ဦး(ပြန်/ဆက်)