မိုးမိတ် ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီးသူများကို တတိယအကြိမ် (Booster Dose) ထိုးနှံခြင်း ကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ မြို့နယ် စည်ပင်သာယာခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံရာ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီးစီးမှု ကာလ (၆)လနှင့်အထက် ရှိပြီးသူ နိုင်ငံ့ဝန်ထမ်းများအား စတင်ထိုးနှံခြင်းဖြစ်ပြီး ဆေးအမျိုး အစားမှာ (Covaxin )ဖြစ်ကာ လူတစ်ဦးလျင် ၁၀ ယောက်နှုန်းဖြင့် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မိုးမိတ်မြို့အနေဖြင့် ဆေးလုံးရေ (၆၅)လုံးရရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာမများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များနှင့် ကိုဗစ်ကာကွယ် ဆေးမထိုးမီ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင် ပမာဏတိုင်းတာခြင်း၊ အပူချိန်တိုင်းတာ ခြင်းတို့ကို ဦးစွာ ဆောင်ရွက်ပြီး ယင်းလုပ်ငန်းစဉ်များ အခြေအနေမှန်ဖြစ်မှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်သည်။
မိုးမိတ်သား(ခရိုင်ပြန်/ဆက်)