ဟိုပုံး ဩဂုတ် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်တွင် ၂၀၁၈-၂၀၁၉ မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ်(၆၃၈၃)သိန်းဖြင့် Shan Home Land ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူအကောင်ထည်ဖော် ဆောင်ရွက်သည့် မိုင်းပျဉ်းတိုက်နယ် ဆေးရုံနှင့် ဝန်ထမ်းအိမ်ယာ တည်ဆောက် နေမှုအား တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်း က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးနန်းတင့်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာမောင်မောင်သိန်း၊ မြို့နယ် စည်ပင်သာယာရေး ဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်၊ မြို့နယ်လမ်းဦးစီးဌာနမှ ဒေါ်နှင်းလဲ့ဇာဝင်းနှင့် တာဝန်ရှိသူများက စတုရန်းပေ (၁၃၃၁၁)ရှိ ဆေးရုံအဆောက်အဦ (၁)လုံး၊ စတုရန်းပေ (၁၄၆၄)ရှိ (၂)ခန်းတွဲ(၁)ထပ် ဆရာဝန်အိမ်ရာ (၁)လုံး၊ စတုရန်းပေ (၁၂၆၉)ရှိ (၃) ခန်းတွဲ တစ်ထပ်ဝန်ထမ်းအိမ်ရာ (၁)လုံး၊ စတုရန်းပေ (၁၈၆၂)ရှိ (၄)ခန်းတွဲ(၁)ထပ် သူနာပြုအိမ်ရာ (၁)လုံး၊ ပေ(၁၅x၂၀)ရင်ခွဲရုံ အဆောက်အဦ(၁)လုံး၊ ခြံစည်းရိုးကာခြင်းအုတ် (၄၀၀)ပေ (၆)ပေ ဂိတ်တံခါး (၂)ပေါက်၊ အုတ်ခုံတုံး၊ သွပ်ဆူးကြိုး (၁၂၀၀)ပေ (၆)ပေဂိတ်တံခါး ၂နှစ်ပေါက်၊ (၁၂)ပေအကျယ် ကွန်ကရစ်လမ်း ပေ(၈၅၀)ခင်းခြင်း၊ (၄)ပေအဝီစိတွင်း (၁)တွင်း အုတ်ရေစက်အိမ်၊ 7.25HP Engine Compressor (၁၆)ပေ အမြင့်ရေစင်၊ ဂါလံ(၁၆၀၀)ဆံ့ ရေတိုင်ကီ၊ ဆေးရုံနှင့် အိမ်ရာများအတွက် ရေ၊ မီး၊ မိလ္လာနှင့် အခြားဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါမိုင်းပျဉ်းတိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းအိမ်ယာတည်ဆောက်မှု ပြီးစီးတော့မှာဖြစ်၍ မိုင်းပျဉ်းကျေးရွာ အုပ်စု အတွင်းရှိ ဒေသခံတို့၏ကျန်းမာရေးအတွက် မှီခိုအားကိုးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)