ဒေးဒရဲမြို့ Community Centre ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသ

ဒေးဒရဲ ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့်မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး  အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့နံနက် ၁၀ နာရီက ပြသ ခဲ့ကြောင်း သိရသည်။ 

အဆိုပါအသိပညာပေး နံရံကပ်စာစောင်များတွင် လူကုန်ကူးမှု ကျူးလွန်သူများ ပြုလုပ်သည့် အဆင့်(၄)ဆင့် ဖော်ပြချက်၊ လူကုန်ကူးသူကခေါင်းပုံဖြတ်ခြင်းများ၊ လူကုန်ကူးခံရပါက ထိခိုက်စေနိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူကုန်ကူးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော မျက်မှောက်သံသရာ ဆိုးကျိုးများ ၊ လူကုန်ကူးခံရပါက တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေများနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်း သိကောင်းစရာ များကို မှတ်တမ်းဓာတ်ပုံများဖြင့် အများပြည်သူ့လေ့လာဖတ်ရှုနိုင်ရေး ခင်းကျင်းပြသထားကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)