မဟာအောင်မြေ ဖေဖော်ဝါရီ ၁၇
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေးဆိုင်ရာ အချက်များကို အများပြည်သူမျာ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်စေရန်ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက အသံချဲစက်ဖြင့် မြို့ပေါ်လမ်းဆုံများနှင့် လူစည်ကားရာနေရာများတွင် အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မဟာအောင်မြေ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အိမ်အပြင်ထွက် လျှင်ပါးစပ် နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ထားပါရန်နှင့် ပြည်သူများ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ ပါးစပ်နှင့်နှာခေါင်းစဥ်မတပ်ခင် လက်ကိုဆပ်ပြာဖြင့် စနစ်တကျသန့်စင်ရန်၊ အသုံးပြုပြီးသော (Mask)များကို စနစ်တကျ စွန့်ပစ်ကြရန်၊ နှာချေလျှင် တံတောင်ဆစ်ကိုကွေး၍ နှာချေရန်၊ မိမိတို့အိမ်ပြတင်းပေါက်များအား လေဝင်၊ လေထွက်ကောင်းမွန်စေရန်၊ လူအများနှင့်ထိတွေ့ ဆက်ဆံရပါကမျက်နှာ အကာ (Face shield) က တွဲဖက်တပ်ဆင်ပါရန်၊ လူစုလူဝေး ရှောင်ပါရန်၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောပါရန်၊ အလုံပိတ်အခန်းများ အဲယားကွန်းအခန်းများ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတက်နိုင်ဆုံး ရှောင်ကြဉ်ပါရန်နှင့် အိမ်အပြင်ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက်(၆၀)နှစ် အထက် အသက်အရွယ် ကြီးရင့်သူ ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည်ရောဂါရှိ သူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ကြပါရန် စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်ချက်များကို အများပြည်သူများ သိရှိစေရန်ရည်ရွယ်၍ မြို့ပေါ်၊ ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း