ညောင်ဦး မတ် ၃၁
အလှူရှင်များမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ညောင်ဦးခရိုင်အဆင့်လုပ်ငန်းကော်မတီသို့ ညောင်ဦးမြို့နယ်အတွင်းရှိ စေတနာရှင်၊ အလှူရှင်၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ နှင့်ဌာန ဆိုင်ရာများမှ အလှူငွေများနှင့် ဆေးရုံသုံး ပစ္စည်းများ လှူဒါန်းခြင်းကို မတ်လ ၃၀ ရက်နေ့ ညနေ ၄နာရီခွဲအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါလာရောက်လှူဒါန်းမှုအတွက် ညောင်ဦးခရိုင် ခရိုင်အုပ်ချုပ်ရေးမှူးဦစိုးတင့်က ယခုလို ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအတွက် အသုံးပြုရန်လိုအပ်လျက်ရှိသော ဆေး ပစ္စည်းများနှင့် အလှူငွေများ လာရောက် လှူဒါန်းပေးသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း ၊ ယခုကပ်ရောဂါအား ထိန်းချုပ်နိုင်ရန် အများပြည်သူပူးပေါင်းပါဝင်ကူညီဆောင်ရွက်မှုသည် များစွာ အရေးကြီးပြီး ဝမ်းသာပီတိဖြစ်ရပါကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောကြားသည်။
အဆိုပါလှူဒါန်းရာသို့ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနဝန်ထမ်းများ နှင့်စက်မှု လုပ်ငန်းရှင်များအသင်းက (၁၀)သိန်းသုံးသောင်းကျပ်၊ ခရိုင်လမ်းဦးစီးဌာနစီစဉ်မှု ဖြင့် ဟိန်းညီမင်းကုမ္ပဏီက ကျပ်(၅)သိန်း၊ ဦးဌေးနိုင် ခရိုင် စိုက်ပျိုးရေး မန်နေဂျာနှင့်ဇနီး ဒေါ်မြင့်စန်းကြည် စပျစ်ခြံမန်နေဂျာက (၅)သိန်းကျပ်၊ ၁၉၉၆ ခုနှစ်အထက-၁ ၊ ကျောင်းသား ဟောင်းများအသင်းမှ(၅)သိန်းကျပ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ စီစဉ်မှုဖြင့် ဦးဘိုလေးစိုး၊ ဖြိုးမောက်ရတနာ ကုမ္ပဏီက (၂)သိန်းကျပ်၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက ကျပ်(၁၀)သိန်း၊ ယွန်းထည်လုပ်ငန်းရှင်များအသင်းမှ(၂)သိန်း၊ ဦးမောင်မောင် ပစ်တိုင်းထောင် ယွန်ထည်လုပ်ငန်းမှ ကျပ်(၁) သိန်း၊ ဦးဇော်ဝိတ်၊ ဒေါ်ဌေးဝင်း ပုဂံမြို့မှ Mask (၅၀၀) နှင့်လက် အိတ်(၅၀၀)တို့အား အလှူရှင်များမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး အတွက်လာရောက်လှူဒါန်းကြရာ ခရိုင်အုပ်ချုပ် ရေးမှူးဦးစိုးတင့်က လက်ခံရ ယူခဲ့ကြောင်း 2019 Novel Coronavirus (Covid-19)အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆာင်ရွက်ရန် ဖွဲ့စည်းထားသည့် အသိပညာပေးရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းဦး (ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ) ကပြောကြားသည်။
ကိုထိန်၊ ငါ့သရောက်