ဘုတ်ပြင်း ဖေဖော်ဝါရီ ၁၇
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေး နိုးဆော်ခြင်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များ တွင် Hand Speaker ဖြစ် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ကူးစက်မြန် ရောဂါ မြန်မာနိုင်ငံတွင်ကူးစက်မှုတွေ့ရှိနေပြီဖြစ်သည့်အတွက် ဘုတ်ပြင်းမြို့နယ်အတွင်း ကူးစက်မှု မရှိစေရန် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော လမ်းညွှန်ချက်များအား လိုက်နာရန်၊ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက ပါးစပ်နှာခေါင်းစည်း(Mask) ကိုစနစ်တကျ တပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦး အနည်းဆုံး (၆)ပေကွာ၍ နေထိုင်ရန်၊ လက်ကိုစက္ကန့်(၂၀) ကြာအောင် စနစ်တကျဆေးကြောရန်၊ရောဂါကူးစက် ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနနှင့် ဆက်သွယ်ပြီး ဆေးကုသခံယူကြရန်နှင့် ရောဂါကွင်းဆက် ပြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံကြရန် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဖြူဖြူသိန်း(ပြန်/ဆက်)