နေပြည်တော် ဖေဖော်ဝါရီ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဥတ္တရခရိုင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး ဥတ္တရခရိုင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြစ်သည့် စာရေးဆရာ ရဲမွန်ကျော် ရေးသားသည့် “စကားပုံကပြောသော အသိပညာ” ဆောင်းပါးအား ဒေါ်ချယ်ရီအောင်သန်း(ဒီဇိုင်နာချယ်ရီ) က ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာဖတ်ပရိတ်သတ်များကလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဥတ္တရခရိုင်(ပြန်/ဆက်)